လိပ်သို နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျန်းမားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော ပြည်သူသို့အသိပေးချက်များကို ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန် လိပ်သိုမြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် လှည့်လည်နှိုးဆော်ခဲ့ ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိအိမ်အတွင်း၌သာ နေထိုင်ရန်၊ ဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(MASK) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြဉ် ရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ ပြတင်းမျာအား လေဝင်လေထွက် ကောင်း အောင် ဖွင့်ထားရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊သွေးတိုး ၊ နှလုံးရောဂါ အခံရှိ သူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက် နိုင်ပါကြောင်းနှင့် အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ် ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကို အမြန်ကာကွယ်တားဆီးနိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများကိုယ်စီ လိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြိုပေါ်ရပ်ကွက်နေပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)