သတင်းများ

ပင်လောင်းမြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ပြည်သူ ၁၁၈၃၄ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်
Nov 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက်၁၈ နှစ်မှ အသက်၆၅ နှစ်ကြား ပြည်သူ များ အားဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု အ.ထ.က(ဆောင်းပြောင်း)ကျောင်းတွင် ဆက်လက်ထိုးနှံ ပေးခဲ့ ကြောင်းသိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါရှိ/မရှိ ဈေးဆိုင်များအရောက် ကွင်းဆင်း စစ်ဆေးပေး
Nov 11,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းကျဆင်းရေးအတွက် ပြည်သူ လူထုထံအရောက် ကွင်းဆင်းသွားရောက်ပြီး ကိုဗစ်-၁၉ရောဂါရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီကဖလမ်းမြို့ပေါ် ရပ်ကွက်များတွင် ကွင်းဆင်း စစ်ဆေးဆောင် ရွက်ပေးကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်
Nov 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေဝါလတ် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပေး နှိုးဆော်
Nov 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ကူးစက် ပျံ့နှံမှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် လျက်ရှိ ကြောင်း သိရသည်။
ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းကျင်းပ
Nov 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာလူထုစိန်ဝင်း ရေးသားထား သော“စဉ်းစားတတ်အောင် ပညာသင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။             
ပုသိမ်မြို့တွင် ပန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ မိသားစု စားဝတ်နေရေး အဆင်ပြေ
Nov 11,2021
ပုသိမ်မြို့၊ အမှတ် (၈) နယ်မြေ မဟာဗောဓိ ဘုရားဝန်းအတွင်း ပန်းစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးရဲနိုင်မိသားစု၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံသည် ၂ ဧက ခန့်သာ ကျယ်ဝန်းပြီး စပယ်ဖြူ၊ ကျောက်စိမ်းနှင့်၊ ရွှေစိမ်း အဝါ စသည့် ပန်းအမျိုးအစားများကို ရှမ်းပြည်နယ်မှ မျိုးယူ၍ စုစုပေါင်း သုံးသောင်း ခန့်ကို စိုက်ပျိုးထားရှိကြောင်း. ပန်းစိုက်သူ ဦးရဲနိုင် ထံမှသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောင်းကုန်းမြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ နှင့်တွေ့ဆုံ
Nov 11,2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ရောက်ရှိခဲ့ကြသည်။
နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်း နည်းသင်တန်း ဖွင့်လှစ်
Nov 11,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။