ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့် တိုက်တွင် Online Pageမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိ

ဘူးသီးတောင် နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု၊ ငှားရမ်းခြင်းမပြုနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးသူငယ်များ အတွက် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ Online Pageမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့၊ ညနေပိုင်းက မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌စာအုပ်အားမိတ်ဆက်ပေးခဲသည်။

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က စာပေဝါသနာရှင်များနှင့် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာရေးဆရာ ဒေါက်တာမောင်မောင် ရေးသားထုတ်ဝေသည့် 'ပြည်သူ့ဝန်ထမ်း သားသမီးများသို့ ' စာအုပ်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမြင့်ခိုင်က အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်ကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင် (၃)ဒေါ်ခင်ခင်အေး က 'ထူးချွန်သူ ၅၀၀တို့၏ ကိုယ်တွေ့အောင်မြင်ရေးနီတိများ' စာအုပ်ကိုလည်းကောင်း Online မှတစ်ဆင့် ဆွေးနွေးပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများအနေဖြင့် စာပေထဲက ဘဝ၏အောင်မြင်မှု ပန်းတိုင်အကြောင်းအရာနှင့် ပတ်သက်၍ စာဖတ်ပရိသတ်များ အကြိုက် စာအုပ် စာစောင်များကို ရွေးချယ်၍ စာပေချစ်မြတ်နိုးသူများကို ငှားရမ်းဖတ်ရှုခြင်း မပြုမီ စာရေးသူမှ စာဖတ်သူများထံသို့ အသိပေးချင်သည့် စာပေအနှစ်သာရတို့ကို ပေါ်လွင်စေရန်နှင့် ကလေးသူငယ်များ အသိပညာဗဟုသုများ တိုးပွားလာစေရန်အတွက် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွက်ဆိုခြင်းတို့ကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)