မိုးညိုမြို့နယ် အားကစားကွင်းအတွင်း၌ အားကစားရုံဆောက်လုပ်လျက်ရှိ

မိုးညို နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း အတွင်း၌ ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း(၂၈၀) ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ လင်းလက် မြကမ္ဘာကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။

အဆိုပါ အားကစားရုံသည် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိပြီး အားကစားရုံ၏ အလယ်တွင် အားကစားကွင်းထားရှိ၍ ဘေးနှစ်ဘက်တွင် ပွဲကြည့်စင်ထားရှိသည့်အတွက် လူဦးရေ (၄၀၀) ဦးခန့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၊အားကစားရုံဆောက်လုပ်ပြီးစီးပါက အားကစားရုံအတွင်း၌ ကြက်တောင်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စသည့်အားကစားနည်းမျိုးစုံ ကစားနိုင်ပြီး အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်လည်း ကြည့်ရှုသူများအနေဖြင့် မိုးလုံလေလုံကြည့်ရှု နိုင်မည်ဖြစ်ကြောင်း၊ ယခု အားကစားရုံ ဆောက်လုပ်နေမှုမှာ ၆၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကိုမင်း(မိုးညို)