လိပ်သို နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အတွေး အခေါ် အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်လာစေရန် ရည်ရွယ်၍ “တန်ဖိုး ရှိသောနေ့” စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်သည့် အလေ့အထရရှိစေခြင်း၊ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ စာပေမှရရှိသာ ဗဟုသုတများကို လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စာရေးဆရာကျော်ကျော်လှိုင် ရေးသားသော “တန်ဖိုးရှိသာနေ့” စာအုပ်တွင်ပါရှိ သော ခေါင်းစဉ်များအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့(ပြန်/ဆက်)