သတင်းများ

မိုင်းယောင်း၌ ရဟန်းသာမဏေတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Nov 24,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် သီတင်းသုံးတော်မူသော ရဟန်းသာမဏေ ၁၇ ပါးတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေ
Nov 24,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများထံသို့ အချိန်မီသိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်း၀င်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က ပင်လောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လက်၀ယ်သို့ သွားရောက် ဝေငှပေးခဲ့သည်။
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ( ၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ ပြိုင်ပွဲကျင်းပ
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြန်/ဆက်နှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်းသော (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီ အချိန် က ကျင်းပပြုလုပ်ခဲ့သည်။
တာလေ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင်  ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များကို  ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာ အထက်တန် းကျောင်းနှင့် မြို့တွင်း  အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ 
လုပ်ငန်းခွင်ပြင်ပ မတော်တဆထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့ ငွေလုံးငွေရင်းနှင့် နာရေးစရိတ် စုစုပေါင်း ငွေကျပ် ၁၁၈ သိန်းကျော် ခွင့်ပြုထုတ်ပေး
Nov 24,2021
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဥတ္တရသီရိမြို့နယ် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အမ်းမြို့နယ်၌ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Nov 24,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “ပန်းခင်းစီမံချက်” ဖြင့် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားပြည်သူ(၃၆၁)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မိုးနဲမြို့နယ်အတွင်း၌ ဆက်လက်ထိုးနှံ
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ ဆက်လက်ထိုးနှံပေးလျက်ရှိ‌ရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့်အဖြစ် မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံများ
Nov 24,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဦးကိုကိုအောင် ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-