တာလေ၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တာလေ  နိုဝင်ဘာ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင်  ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များကို  ယနေ့ နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အခြေခံပညာ အထက်တန် းကျောင်းနှင့် မြို့တွင်း  အခမဲ့ ဖြန့်ဝေပေးခဲ့သည်။ 

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈) ရက်၌ ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့ တွင်  ရန်ကုန်တိုင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အား  တွေ့ဆုံပြောကြား သည့် အမှာစကားမှကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန်  သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော  ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့ ၊ အမျိုးသားပညာရေး ၊ အေးအတူပူအမျှ ၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ရေနံ့သာမောင်ကျော်ညွန့် ရေးသားသည့် ဘုန်းရှင့်မြန်မာတို့မြန်မာကဗျာ စသည်ဖြင့် အမှာစကား ၊ ဆောင်းပါး၊ ဆောင်ပုဒ်နှင့် ကဗျာများ ဖော်ပြပါရှိကြောင်း သိရသည်။ 

အောင်ကျော်မိုး (ပြန်/ဆက်)