သတင်းများ

ကျေးသီးမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ် Talk Show ကျင်းပ
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို) အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုတွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Nov 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ပြည်ခြား ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် အာရောဂျတံခွန် ကုသိုလ်ဖြစ်မျက်စိဆေးရုံမှ ဦးဆောင်ဆရာတော်၊ နာယက ဆရာတော်များနှင့် အလှူရှင်များ စုပေါင်း၍ နွမ်းပါးသူဖေးမကူ ဆန်အလှူလှူဒါန်းပေးခြင်း
Nov 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နွမ်းပါးသူဖေးမကူ ဆန်အလှူများ လှူဒါန်းပေးခြင်းကို အာရောဂျတံခွန် ကုသိုလ်ဖြစ် မျက်စိဆေးရုံ ဦးဆောင်ဆရာတော် ဘဒ္ဒန္တခေမာစာရဒွိပိဋကဓရ (ပိဋကတ်နှစ်ပုံဆောင်)၊ နာယက ဆရာတော်များ၊ အလှူရှင်များ စုပေါင်း၍ ရပ်ကွက်များအတွင်းရှိ နွမ်းပါးသူများအား တစ်အိမ်ထောင်လျှင် ဆန်သုံးပြည်နှုန်းကို လှူဒါန်းနိုင်ရေးအတွက် ကူပွန်များကို ဆရာတော်များ ဦးဆောင်ပြီး TRI ဝေခဲ့ပြီး ၂၃.၁၁.၂၀၂၁ရက်နေ့တွင် လှေကျင်းရပ်ကွက်ရှိ နွမ်းပါး အိမ်ထောင်စု (၂၀၀)ကျော်ကိုလည်းကောင်း ၂၄.၁၁.၂၀၂၁ ရက်နေ့တွင် မြသိန်းတန်ရပ်ကွက်၊ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်ရှိ နွမ်းပါးအိမ်ထောင်စု (၂၅၀)ကျော်အားလည်းကောင်း မင်းပိုင်းရပ်ကွက်ရှိ ကွမ်းခြံကုန်းကျောင်းတိုက်တွင် လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသော ရပ်ကွက်အတွင်းရှိ နွမ်းပါးအိမ်ထောင်စုများကိုလည်း ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက် မြက်စေရေးအတွက် ရည်ရွယ်၍ ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသော ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
Nov 24,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန(Red Ready) စီမံချက်မှ ဆောင်ရွက်မည့် “စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ်အကြို ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 24,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ်အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ သည်။
ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်း
Nov 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်ခန့်က ဝမ်ဆတ်ကျေးရွာရှိ လယ်ကွင်းအမှတ်(၁၂) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။