(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအားဖြန့်ဝေ

ပင်လောင်း   နိုဝင်ဘာ    ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချိသည့် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများထံသို့ အချိန်မီသိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်း၀င်နေ့ကြီး ရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က ပင်လောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူများ လက်၀ယ်သို့ သွားရောက် ဝေငှပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ ၊ အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)