မိုင်းယောင်း၌ ရဟန်းသာမဏေတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းယောင်း      နိုဝင်ဘာ    ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းတွင် သီတင်းသုံးတော်မူသော ရဟန်းသာမဏေ ၁၇ ပါးတို့အား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းရှိ ရဟန်း သာမဏေ ၁၇ ပါးတို့အား mask၊ လက်သန့်ဆေးရည်၊ ဗလာစာအုပ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ လက်သည်းညှပ်စသော လှူဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး အသိပညာပေး ဗဟုသုတအဖြစ် မိုင်းအန္တရာယ်ကင်းရှင်းရေး” အကြောင်းကို ရှင်းလင်းလျှောက်ထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း