တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ( ၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာ ပြိုင်ပွဲကျင်းပ

တာချီလိတ် နိုဝင်ဘာ   ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြန်/ဆက်နှင့် မြို့နယ်ပညာရေးတို့ ပူးပေါင်းသော (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီ အချိန် က ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို မြို့ပေါ်အခြေခံပညာကျောင်းများဖြစ်သော (အ.ထ.က) တာချီလိတ်၊ (အ.ထ.က) ဆန်ဆိုင်း၊ (အ.ထ.က)ခွဲပုန်းထွန်၊ (အ.လ.က)ရန်အောင်မြေ၊( အလက)တာလော့၊ကျောင်းတို့မှ ထက်၊ လယ်၊ အဆင့် ကျောင်းသား / ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် (၈)ဦး၊ပန်းချီပြိုင်ပွဲတွင် (၇)ဦး၊ ကဗျာပြိုင်ပွဲတွင (၆)ဦး၊ စုစုပေါင်း (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာ စောင်များဖြန့်ဝေပေးခြင်း၊ စာအုပ်စာစောင်များ လေ့လာကြည့်ရှုခြင်းနှင့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

ယာဆေး ( ပြန်/ဆက်)