သတင်းများ

မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများမရှိစေရေး အထူးစီမံ ချက်ဖြင့် ကျေးရွာ များသို့ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိ
Nov 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်း ပပျောက်စေရေး အတွက် အထူးစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများ သို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပေး လျက်ရှိကြောင်းသိရသည်။
မိုင်းရယ်မြို့နယ် မြို့နယ်ခန်းမနှင့် ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Nov 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ မန်ဖိုင်၊ ဟိုတိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အသီးသီး ထိုးနှံပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်တူရွေး ပဲသီးစိုက်တောင်သူများ တစ်ပိသာ ၁၂၀၀ ကျပ်ရောင်းချနေရခြင်းကြောင့် မိသားဝင်ငွေတွက်ခြေ ကိုက်နေကြ
Nov 13,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေး ရွာ၊ မုန့်ကုန်း၊ ညောင်ဖြူပင်၊ကုန်းတဲ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကြီး တိုင်း၊ စည်ပင်သာ၊ အိုးအိုင်၊ ကင်မွန်းခြုံကျေးရွာများသည် ကြက်တူ ရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊အသီးသီးနှုန်းကောင်းမွန်ခြင်း ကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချနေရကြောင်း လဲဂွကျေးရွာကြက်တူရွေးပဲ စိုက်ပျိုး တောင်သူ ဦးတင်ထွန်းအောင်ထံကသိရသည်။
လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံ ပုရိဝုဏ်၌ပြည်သူများအနားယူ အပမ်း‌ဖြေနိုင်စရာ ပန်းခြံ အဆင့် မြှင့်တင်တည်ဆောက်ရေး ပန္နက်ချမင်္ဂလာဆောင်ရွက်
Nov 13,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ် − ၁၉ ရောဂါကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းအစီအစဉ်ဖြင့် လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံပုရိဝုဏ်အတွင်းရှိ ပန်းခြံအား အဆင့်မြှင့် မွမ်းမံ တည်ဆောက်ရေးလုပ်ငန်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ တည်ဆောက်သွားမည့် မြေနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းMaskများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်
Nov 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး လူစည်ကားရာမြို့ဝင်လမ်းမတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးနှိုးဆော်ခြင်း၊ ကားများ၊ ဆိုင်ကယ်များလမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းပပျောက်စေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကဝမြို့၌ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်များလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Nov 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက ်ဆိုင်များ ရောင်းချနေမှုအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယမန်နေ့ ညနေ၄နာရီ အချိန် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲများကျင်းပပြုလုပ်
Nov 13,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီး၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် က မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
တာချီလိတ်မြို့၌ လျှပ်စစ်ဓါတ်အားပိုင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လျှပ်စစ်ဓါတ်အားပိုင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြ ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယမန်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။