မိုင်းရယ်မြို့နယ် မြို့နယ်ခန်းမနှင့် ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မိုင်းရယ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ မန်ဖိုင်၊ ဟိုတိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈) နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား အသီးသီး ထိုးနှံပေးခဲ့သည်။

မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ မန်ဖိုင်၊ ဟိုတိကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် အသက်(၁၈) နှစ်အထက် ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား (၁၈၁) ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် (၄၀)ဦး စုစုပေါင်း (၂၂၁)ဦး ထိုးနှံပြီးစီးခဲ့သည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစီုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟန်နီခင်(မိုင်းရယ်)