ကဝ နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းပြီး လူစည်ကားရာမြို့ဝင်လမ်းမတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးနှိုးဆော်ခြင်း၊ ကားများ၊ ဆိုင်ကယ်များလမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းပပျောက်စေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကဝမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ခရီးသွားပြည်သူများအား နှာခေါင်းစည်း Maskများ တပ်ဆင်ပြီးမှသွားကြရန်၊ လက်သန့်ဆေးရေများသုံးစွဲကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်စေရေး အသိပညာပေးခြင်း၊ Mask များအခမဲ့ဖြန့်ဝေခြင်းနှင့် ပဲခူးတိုင်းဒေသကြီးတွင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း (၅၀၂၇၅)ဦးရှိပြီး သေဆုံးသူ(၃၄၆၀)ဦးရှိပါသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျနေသော်လည်း နေ့စဉ်ရောဂါ ကူးစက်ဖြစ်ပွားသူများ ရှိနေပါသည်။ အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာနေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်၊ မဖြစ်မနေပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခ ဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ရန်၊ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့် အညီတိကျစွာ လိုက်နာ ရန်လိုအပ်ပါသည်၊၎င်းအပြင် အလှည့်ကျ ရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ် ပြည့် မပျက်မကွက်ခံယူရန်၊ သံသယရောဂါ လက္ခဏာ တစ်စုံတစ်ရာရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ် ဆောင်ရွက်ကြပါရန် စသည့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)