မိုင်းရယ် နိုဝင်ဘာ ၁၃
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီး၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် က မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
ဆက်လက်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် အခြေခံပညာ မူလတန်း အဆင့်မှ ကျောင်းသား/သူ (၂၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများ ကို မိုင်းရယ်မြို့နယ် ပြန်ဆက်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/သူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်ပြီး ပြည်သူ့ စာကြည့်တိုက် Community Center ခန်းမမှာ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာထံမှ သိရသည်။
ကျော်ဇင်ထိုက်