ကဝ နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက ်ဆိုင်များ ရောင်းချနေမှုအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ယမန်နေ့ ညနေ၄နာရီ အချိန် က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကဝမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက် ဆိုင်များ ရောင်းချနေသည့် ပြည်သူများက မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စားသောက်ဆိုင်များအတွင်းအပြင် ရောဂါ ကာကွယ်ရေးပစ္စည်းများထားရှိခြင်း၊ သတ်မှတ်ထားသည့် အကွာအဝေးများတွင် နေထိုင်ခြင်းနှင့် နှာခေါင်းစည်း၊ Mask များတပ်ဆင်ခြင်းရှိ/မရှိ၊ အသိပညာပေး ပိုစတာများ ကပ်ထားခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)