ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေး ရွာ၊ မုန့်ကုန်း၊ ညောင်ဖြူပင်၊ကုန်းတဲ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကြီး တိုင်း၊ စည်ပင်သာ၊ အိုးအိုင်၊ ကင်မွန်းခြုံကျေးရွာများသည် ကြက်တူ ရွေးပဲသီး စိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန်ပြီး အပွင့်ပွင့်နှုန်း၊အသီးသီးနှုန်းကောင်းမွန်ခြင်း ကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချနေရကြောင်း လဲဂွကျေးရွာကြက်တူရွေးပဲ စိုက်ပျိုး တောင်သူ ဦးတင်ထွန်းအောင်ထံကသိရသည်။
ကြက်တူရွေးပဲ စတင်စိုက်ပျိုခြင်းအား ဝါဆိုလ၊ ဝါခေါင်လတွင် စတင် စိုက်ပျိုးခဲ့ပြီး တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြောင်း၊ အစေ့တိုက်ရိုက် မြေချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်စေ့နှင့်တစ်စေ့ တစ်ပေအကွာစိုက်ပျိုးကြ ကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ၊ အပင်ပေါက်ပြီး တစ်လခန့်ကြလျှင် အဖူးအပွင့် စတင်ဖူးပွင့်ပြီး အသီးသီးကြောင်းသိရသည်။ ကြက်တူရွေးပဲ သည် ရေကြိုက်ခြင်းရှိကာ ယခုနှစ်မိုးရာသီတွင် ကျောက်ပန်းတောင်း မြို့နယ် မိုးရွာသွန်းမှုများသော်လည်းအပင်များ ဖြစ်ထွန်းမှုအားကောင်းပြီး ပဲသီးတောင့်ရှည်ကာ အလုံးတုတ်ခြင်းကြောင့်၊ နွေရာသီစိုက် ကြက်တူရွေး ပဲထက် အချိန်ပိုခံကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကြက်တူရွေး ပဲ စိုက်ပျိုးခြင်းအား ယခုနှစ်မိုးရာသီတွင် တောင်သူများ စမ်းသပ် စိုက်ပျိုးကြရာ ပဲသီးအသီးသီးနှုန်းကောင်းမွန်ပြီး ဈေးနှုန်းလည်း ကြက်တူ ရွေးပဲ စိုက်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ခြင်း ကြောင့် စိုက်ရကျိုး နပ်သည့်ပဲ ဖြစ်ခဲ့ကြောင်း၊ ကြက်တူ ရွေးပဲသီးခူးချိန်သည် လည်း နှစ်ရက် တစ်ခါခူးရခြင်း၊ ရေသွင်းစရာမလိုပဲ မိုးရေဖြင့်အပင် ဖြစ်ထွန်းခြင်းကြောင့် ဒီဇယ်/ဓာတ်ဆီဖိုးသက်သာကြောင်း၊ ပေတစ်ရာ ငါးဆယ် ပတ်လည် စိုက်ပျိုး ကွက်တစ်ကွက် တစ်ခါဆွတ်ခူး ပိသာချိန် ၂၅ပိသာဆွတ်ခူးရရှိပြီး တစ်ပိသာ၁၂၀၀ကျပ်ရောင်းချရခြင်းကြောင့် ကြက်တူရွေးပဲစမ်းသပ် စိုက်ပျိုး တောင်သူများ မိသားစုဝင်ငွေတွက် ခြေကိုက်နေကြကြောင်း၊ ပဲသီး ရောင်းချချိန်တွင်လည်း မျက်နှာမငယ်ရပဲ ကုန်စိမ်းပွဲရုံများက ချက်ခြင်း ဝယ်ယူကြကြောင်း၊ ပဲသီးဝယ်ပွဲစားများ လည်း စိုက်ခင်းအထိလာ ရောက်ဝယ်ယူကြကြောင်း၊ ထွက်ရှိလာသည့် ကြက်တူရွေးပဲသီးများအား ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ငါ့သရောက်ပွဲ စားများလာရောက်ဝယ်ယူကြခြင်းများလည်း ရှိကာဈေးကွက်သို့ ကိုယ်တိုင် ရောင်းချခြင်းများလည်း ရှိကြောင်းသိရကာ ကြက်တူရွေးပဲ စိုက်ပျိုးခြင်း ဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း၊ မိုးများ သည့်ဒေသများ တွင် ကြက်တူရွေးပဲ စိုက်ပျိုးသင့်ကြောင်းလည်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်က ရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD