မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများမရှိစေရေး အထူးစီမံ ချက်ဖြင့် ကျေးရွာ များသို့ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိ

မိုင်းဖြတ် ၊ ​နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်း ပပျောက်စေရေး အတွက် အထူးစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာများ သို့ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပေး လျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ လျော့နည်းပပျောက်လာစေရေးအတွက် ကွင်းဆင်းစစ် ဆေးပေးရာတွင် Covid-19 FeverClinicမှ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများ၊ မိုင်းဖြတ်လူမှုရေးကူညီမှုအသင်းဝင်များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက အဖွဲ့၃ဖွဲ့ခွဲပြီး ပါပူးကျေးရွာ၊ ပါထွန်၊ ဝမ်လွေ၊ ဝမ်လုံးကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပေးခဲ့ရာ ပါပူးကျေးရွာတွင် စစ်ဆေးသူ (၁၇၆)ဦးအနက် ရောဂါပိုးတွေ့ရှိသူ (၁၅)ဦး၊ ပါထွန်ကျေးရွာနှင့်ဝမ်လွေကျေးရွာ တို့တွင် စစ်ဆေးသူ (၇၇)အနက် ရောဂါပိုးတွေ့ရှိသူ (၃)ဦး၊ ဝမ်လုံးကျေးရွာ၌ စစ်ဆေးသူ(၃၅)ဦးအနက် ရောဂါပိုးတွေ့ရှိသူ (၁)ဦး၊  စစ်ဆေးသူစုစုပေါင်း (၃၀၄)ဦး၌ ရောဂါပိုးတွေ့ရှိသူ(၁၉)ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လ(၁) ရက်နေ့မှ နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုစစ်ဆေး တွေ့ရှိသူ စုစုပေါင်း (၉၁၂)ဦးနှင့် သက်သာပျောက် ကင်းလာသူ (၇၄၃)ဦး၊ ဆေးကုသမှုခံယူနေသူ  (၁၅၉)ဦးနှင့် သေဆုံးသူ(၁၀)ဦး အထိရှိကြောင်း သိရ သည်။

သန်းထွန်းအေး