သတင်းများ

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါ အသိပညာပေး Talk Show ကျင်းပ
Nov 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ငှက်ဖျားရောဂါ ဖြစ်ပွားမှု မရှိစေရန် ရည်ရွယ်၍ ငှက်ဖျား ရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျိုင်းတုံမြိုနယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ်ထိုးနှံ
Nov 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်း အခြေခံပညာကျောင်း၌ တာဝန်ရှိသူများ က ထိုးနှံပေးသည်။
ရုံးပိတ်ရက်များ၌ ကျောက်မောင်နှမကမ်းခြေတွင် အပန်းဖြေသူများဖြင့်စည်ကား
Nov 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမ ကမ်းခြေတွင် စနေနေ့ရုံးပိတ်ရက်၌ လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့မဈေးကြီး၌ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခဲမဲ့စစ်ဆေး
Nov 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီးအတွင်း လာရောက် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က မိုဘိုင်းရွေ့လျား သွားရောက်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်​ရေး ကော့ကရိတ်မြို့ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Nov 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က
ပျော်ဘွယ်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအထက်ဆင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲကျင်းပ
Nov 13,2021
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် မူလတန်းအထက် အဆင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်
Nov 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ မြိုနယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ မြို့အဝင်/ အထွက်လမ်းဆုံများ၊ စသည့်လူစည်းကာရာနေရာများ၌ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
သီပေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်း စကားသံ
Nov 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက် ရပါသည်-