ရန်ကုန် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ငှက်ဖျားရောဂါ ဖြစ်ပွားမှု မရှိစေရန် ရည်ရွယ်၍ ငှက်ဖျား ရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ခင်နှင်းကြည်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သန်းထိုက်ဇော်နှင့် မြို့နယ်သတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာ ဗိုလ်သံမဏိ (တောင်တွင်းကြီး) တို့က ငှက်ဖျားရောဂါ စတင် ကူးစက်ပုံ၊ ရောဂါ ဖြစ်ပွားလာလျှင် ကုသရမည့် နည်းလမ်းများ၊ အဖြစ်အများဆုံးနှင့် ဖြစ်နိုင်ခြေရှိသော နေရာများ၊ ရောဂါ ကာကွယ်နိုင်သည့် နည်းလမ်းများ စသည့်တို့ကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ငှက်ဖျားရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)