ရွှေသောင်ယံ နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမ ကမ်းခြေတွင် စနေနေ့ရုံးပိတ်ရက်၌ လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ကျောက်မောင်နှမကမ်းခြေတွင် အထင်ကရဘုရား၊ စေတီပုထိုးများ၊ မောင်နှမသဖွယ် ကျောက်ဆောင်များရှိသည့်အပြင် သဘာဝကျောက်ဆောင်များပေါ်တွင် အလှဓါတ်ပုံရိုက်သူများ၊ ကမ်းခြေတွင်အပန်းဖြေရင်း ရေကူးကြသူများ စသည်ဖြင့် ရုံးပိတ်ရက်များအတွင်း၌ စည်ကားလျက်ရှိသည်။ ယင်းသို့ ဧည့်သည်များ လာရောက်များ လက်ရောက်ကြသည့် အတွက် ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကမ်းခြေစည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့မှ ဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် လည်းကောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ကမ်းခြေသန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)