သတင်းများ

တန့်ယန်းမြို့နယ်၌ ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Nov 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရသေ့တောင်မြို့၌ စာပေဝါသနာရှင်လူငယ်များနှင့်ပူးပေါင်းပြီး လူငယ်နဲ့အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 14,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၀၁​ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ
Nov 14,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီကဆောင်ရွက်ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပပြုလုပ်
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်းကျင်းပ ပြုလုပ်သည့် နဝမအကြိမ်မြောက် ဘုံကထိန်ပွဲတော်ကို ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ မိုဃ်းသဲကျောင်း တိုက်ရှိ ပုရိမဝါမှ ထမြောက်တော် မူသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အနောက် ပိုင်းရပ်ကွက်ရှိ ဂုဏဝတီ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့၌ အ-ထ-က ကျောင်းတွင် အသက်(၁၂)နှစ် ကျောင်းသား/ကျောင်းသူများ ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်
Nov 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းမှုနှင့် ထွက်ရှိမှုကြည့်ရှုစစ်​ဆေးပြီး စိုက်ပျိုး​ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး တောင်သူများနှင့် တွေ့ဆုံ
Nov 14,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် နိုဝင်ဘာလ ၁၂ မွန်းလွဲပိုင်းက အရည်အသွေးကောင်း သီးနှံစပါးမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူး ရန်နှင့် တောင်သူများကိုယ်တိုင် မျိုးစေ့ ထုတ်လုပ်နိုင်စေရန်အတွက် မြို့နယ်ကိုယ်စားပြု မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်စု၌ ကျင်းပခဲ့ရာ ပေါ်ဆန်းရင် မျိုးစပါးရိတ်သိမ်းမှုနှင့် စပါးထွက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဂွမြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုများအား Second Phase ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ
Nov 14,2021
ဂွမြို့နယ်အတွင်း စုရပ်(၃)ခု၌ အောက်တိုဘာလ(၁၁)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့ အတွင်း ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးခဲ့သူ သတ်မှတ်ဦးတည်အုပ်စုများတွင် ပါဝင်သူ များအား Second Phase ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒေသခံပြည်သူ (၂၆၄၂)ဦးအား ဂွစုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ဆပ်သွား(အ.ထ.က)နှင့် ကျိန္တလီထွေ/အုပ် ခန်းမ တို့၌ နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် မြို့နယ်စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအတွက် အတက်ရောဂါဆိုင်ရာ သင်တန်းဖွင့်လှစ်
Nov 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ကျင်းပသည့် မြို့နယ်စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအတွက် အတက်ရောဂါဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။