သတင်းများ

ပြင်ဦးလွင်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆက်လက်ဆောင်ရွက်  
Nov 14,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေကတ်ပြားများ ဆက်လက်ဆောင်ရွက် ပေးခြင်းကို  ယမန်နေ့ နံနက်  ၉  နာရီခွဲက  ပြင်ဦးလွင်မြို့နယ်၊ ဆင်လမ်း ကျေးရွာအုပ်စုရှိဓမ္မပါလ ဓမ္မာရုံ၌  ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOVAC)ထိုးနှံပြီးသော အသက်(၁၂)နှင့်အထက် ကျောင်းသား/သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော အသက်(၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်(၉)နာရီက သီပေါမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စုရပ်(၂)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOVAC)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုင်းခတ်၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်   ပုံပြင်ပြော ပြိုင်ပွဲကျင်းပ
Nov 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နံနက်(၁၀)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊CommunityCentreခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Nov 14,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများဖြစ်သည့် သစ်ပုံ၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၁) ကျင်းပ
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Nov 14,2021
မြန်မာတစ်မျိုးသားလုံးအနေဖြင့် ဗြိတိသျှအစိုးရ ချမှတ်ခဲ့သည့် တက္ကသိုလ်အက်ဥပဒေကို တိုက်ဖျက်ရန် စတင်သပိတ်မှောက်ခဲ့သည့်နေ့၊ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသား အောင်ပွဲနေ့တစ်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် Talk Show ကို ယမန်နေ့က မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၄၂)ခုနှင့် အိမ်ထောင်စု စာရင်း (၅၁၅)စောင် ကွင်းဆင်းဆောင်ရွက်ပေး
Nov 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဧကာဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတက်ရောက်
Nov 14,2021
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဧကာဒသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သ င်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။