သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိ
Nov 14,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ် မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိရာ နိုဝင်ဘာလ(၁၃)ရက်နေ့က ကြာအင်းကျေးရွာအုပ်စုရှိ ကျေးရွာနေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု မြှင့်တင်နိုင်ရေးအတွက် စာအုပ်များ၊ တူရိယာပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား
Nov 13,2021
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်နိုင်ရေးအတွက် သမိုင်း စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ တူရိယာပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများနှင့် ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်၌ နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဝတ်မှုံခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က လှိုင်းဘွဲမြို့ နယ်မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းနှင့်ရှာဖွေကယ် ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်၌ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Nov 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ ကျိုက်မုရောစေတီတောင်ပေါ်ကျောင်း၌ မြို့နယ်မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ကျင်းပ
Nov 13,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မုဒုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး” Talk Show ကျင်းပ
Nov 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မြို့၊ ရွာ သန့်ရှင်းသာယာလှပရေးနှင့် ကျူးကျော်များရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Nov 13,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်း မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေးနှင့် ကျူးကျော်များ ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။