သနပ်ပင် နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ မြိုနယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ မြို့အဝင်/ အထွက်လမ်းဆုံများ၊ စသည့်လူစည်းကာရာနေရာများ၌ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံသတိပေး နှိုးဆော်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုအမြန်ဆုံး လျော့နည်းလာပြီး လုံးဝကူးစက်မှုမရှိစေရန် ပြည်သူများအနေဖြင့် ယခုထက်ပိုပြီး စည်းကမ်းချက်များအား လိုက်နာရန်၊ ပြည်သူများမှလည်း ခိုင်လုံသော အကြောင်းအရာ တစ်စုံတစ်ရာမရှိဘဲ အိမ်ပြင်ပသို့မထွက်ရန်၊ ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် မဖြစ်မနေအိမ်ပြင်သို့ထွက်ရန် အကြောင်းရှိသူအချို့မှအပ မိမိ၏အိမ်တွင် နေထိုင်ပေးရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး(၆)ပေကွာ၍ နေထိုင်ပေးရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များလိုက်နာရန်၊ စသည့်အချက်များအား ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းခွများများအထိ သွားရောက်ကာ သတိပေးနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)