ပျော်ဘွယ်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအထက်ဆင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၁၃

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် မူလတန်းအထက် အဆင့် ဆေးရောင်စုံခြယ်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလှထွန်းက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ဆွေးနွေးပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)