ကျိုင်းတုံမြိုနယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ်ထိုးနှံ

ကျိုင်းတုံ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်း အခြေခံပညာကျောင်း၌ တာဝန်ရှိသူများ က ထိုးနှံပေးသည်။        

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များနှင့် တာဝန်ရှိသူများက အသက် ၁၂ နှစ် မှ ၁၈ နှစ်အတွင်း အခြေခံပညာအထက်တန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၇၂ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ပထမအကြိမ်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့အနယ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ ၁၂ ရက်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၃၂ ဦး ထိုးနှံပေးခဲ့ပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်း၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စုရပ်နေရာအသီးသီးတွင် သတ်မှတ်နေ့ရက်များအလိုက် ဆက်လက်၍ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)