ကျောင်းကုန်းမြို့နယ်၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်

ကျောင်းကုန်း  ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ယမန်နေ့‌ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကား ပြောကြားပြီး၊ ကျုံပျော်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးမင်းနောင်က လယ် ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ထုတ်ပေးရခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် ကျုံပျော်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းစိန်နှင့်ဦးထွန်းအေး၊ ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးမင်းနောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အတွင်းရေးမှူး ဦးစိုင်းရှိန်းလင်းထွန်းတို့ကတောင်သူ (၇၆)ဦးအား လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)