အိမ်မဲ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ကျင်းပသည့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကို ပြောကြားခဲ့သည်။
ထို့နောက် အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ငွေမျိုးဖြင့်နီမှ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ချက်များအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်ရေးစကားဝိုင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)