သတင်းများ

လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများအား ဆုများချီးမြှင့်
Aug 10,2022
လားရှိုးမြို့တွင်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း(၃)မျိုး သင်တန်းကို တက်ရောက်ပြီး ထူးချွန်ဆုရရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများအားထပ်မံ၍ ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အမှတ်(၁) လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဖား​ဆောင်းမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်ရှိ စျေးဆိုင်များတွင် အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်​ဆေး
Aug 10,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် မြို့​ပေါ်ရပ်ကွက်များတွင် စားသောက်ကုန်များ​ ရောင်းသည့်​စျေးဆိုင်များ၌ အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ/မရှိကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံစစ်​​ဆေးခဲ့​ကြောင်း သိရသည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ ကျောင်းသား/သူများအားလှည့်လည်ငှားရမ်းပေး
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့် တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဗီဒီယိုသတင်းတည်းဖြတ်နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 10,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဗီဒီယိုသတင်းတည်းဖြတ်နည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်း ဖွင့်လှစ်ခဲ့သည်။
မကွေးပညာရေးဒီဂရီကောလိပ်၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စာပေစကားဝိုင်းကျင်းပ
Aug 10,2022
မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းပြီး လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် စာပေစကားဝိုင်းကို ဩဂုတ်လ (၉) ရက်နေ့ နေ့လယ် (၂)နာရီ အချိန်ခန့်က မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်များအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ​ပညာ​ရေးလေ့ကျင့်​ရေး အထက်တန်းကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း များအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်သည့် စားသုံးဆီ ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်ပါ စားသုံးဆီများ ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး
Aug 10,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း စားသုံးဆီရောင်းချသော စျေးဆိုင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီ ၃၀မိနစ် အချိန်က စျေးကွက်အတွင်း တရားမဝင်ကုန်ပစ္စည်း ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်ပါ စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ တရားမဝင်ရောင်းချမှု ရှိ၊ မရှိကို စလင်းမြို့မစျေး အတွင်း/အပြင်ရှိ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။