ဗဟန်းမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးဆောင်ရွက်
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့ နံနက်၉ နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ကျောက်ဆည် ဓမ္မာရုံရှေ့၌ ယာဉ်စည်းကမ်းလိုက်နာဆောင်ရွက်မှု ရှိ/မရှိ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။