သတင်းများ

ဒေးဒရဲမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနက မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုတက္ကသိုလ်တွင် အသိပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ​ ဟောပြော​ဆွေး​နွေးပွဲကျင်းပ
Aug 10,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ ရွှေဘိုတက္ကသိုလ်တို့ပူး​ပေါင်းကာ၊ အသိပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြော​ဆွေး​​နွေးပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ခခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်းမိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မူကြိုကျောင်းမိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက သံဃာတော် (၅) ပါး ပင့်ဆောင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့၌ ပြည်သူ့စွမ်းရည်မြှင့်တင့်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (လက်သမား၊ပန်းရံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်သူ့စွမ်းရည်မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရမျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၃၀) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်အရ ကျွဲနွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ရေးအတွက် သွေးဖောက်စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများအား ယနေ့နံနက်ပိုင်း က ခရမ်းမြို့နယ် ကင်မွန်းခြုံကျေးရွာအုပ်စု၊ ကင်မွန်းခြုံကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော "အားနေသောလက်များ" စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်အတွင်း လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 10,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေ ၄ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ များနှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။