သံဖြူဇရပ်မြို့နယ်၌ “ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Jan 18,2022
ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့ နံနက် ၁၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club ) အဖွဲ့ဝင်များ နှင့် ပူးပေါင်းပြီး စာရေးဆရာအောင်သင်း ရေးသားသည့် " ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ" စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။