သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ပညာ‌ရေးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပညာရေးဌာန ငွေလုံးငွေရင်း ဘတ်ဂျက်ခွဲဝေငွေခွင့်ပြုမှုအရ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးလုပ်ငန်းများ (လျာထား/ဆောင်ရွက်ဆဲ) လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ ‌ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ
Aug 10,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ဩဂုတ် (၁၀)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်
Aug 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးလွှမ်းခြုံမှုရရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀) နာရီမှ နေ့လယ်(၁၂:၀၀)နာရီအထိ အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံ ပညာမူလတန်းကျောင်းတွင် ထပ်ဆောင်းကာကွယ်ဆေး Booster (covishield) ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မြဝတီမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးပေးအပ်
Aug 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာနှင့် အဖွဲ့တို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 10,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို အောင်တပ်ရပ်ကွက် အ.ထ.က(၂) ကျောင်း၌ ယမန်နေ့က ဟောပြောခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့် စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 10,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့် စက်သုံးဆီအရောင်းဆိုင်များအား ယနေ့နံနက် ၁ဝ နာရီအချိန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။