သတင်းများ

သာကေတမြို့နယ်ရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံဆောင်ရွက်
Aug 10,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် Phase-12 (Sinopharm) ထိုးနှံခြင်း လုပ်ငန်းအား ယနေ့နံနက် (၉:၀၀) နာရီမှ မွန်းလွဲ (၂:၀၀) နာရီအထိ ၃/မာန်ပြေရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၊ ၂/မြောက်ရပ်ကွက်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်း၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ သြဂုတ်လ ပထမလဝက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ခဲ့​ကြ​သည်။
ရေတိုက်စား၍ ကမ်းပါးများပြိုကျခြင်းအန္တရာယ်ကို ကာကွယ်ပေးနိုင်ရန် ကျူဝါးပင်နှင့် ကိုင်းကြံပင် (ခေါ်) ကြံစိမ့်ပင်များ စိုက်ပျိုးသင့်
Aug 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး ချင်းတွင်းမြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခြင်း၊ မြစ်အတွင်း သွားလာနေကြသော ရေယာဉ်များ၏ ရေလှိုင်းများကြောင့် ကမ်းပါးပြိုကျခြင်း၊ ရာသီဥတုကြောင့်ဖြစ်ပေါ်သော ရေလှိုင်းများကြောင့် မြစ်ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်လေ့ရှိရာ
မုဒုံမြို့၌ သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း တောင်သူများအား ပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Aug 10,2022
မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးစပါး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကွက်တွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ စနစ်တကျ အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘဲရမ်းကျေးရွာရှိ တောင်သူ ဦးမောင်ခင် ပိုင်ဆိုင်သော လယ်မြေဧက (၁၀) ဧကတွင် ကျင်းပသည်။
ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပ
Aug 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက “ လူငယ်နှင့်မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း ပြင်ဆင်ရန်အတွက် အလှူငွေပေးများပေးအပ်
Aug 10,2022
ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်း က ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ခရိုင် ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း ပြင်ဆင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ကသာမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Software Program ထည့်သွင်း ဆောင်ရွက်နေမှု အခြေအနေအားကြည့်ရှု
Aug 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား Software Program ထည့်သွင်း ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ယနေ့နံနက် (၁၀)နာရီ အချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 10,2022
ရေးမြို့နယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်က ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။