သတင်းများ

ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံ၌ ကာကွယ်ဆေးလာရောက်ထိုးနှံကြသော မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌နေ့နံနက်ပိုင်းက  ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ် ဆေးရုံ၌ ကရင်/မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။
ဘောဂလိမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးခြင်း လုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဘောဂလိမြို့ရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်ထွက် ပဲတီစိမ်းများ တစ်တင်း ၄၀၀၀၀ ကျပ်ရောင်းချနေရ
Jan 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထား သည့်ပဲတီစိမ်း များပေါ်ချိန်ဆွတ်ခူးရောင်းချခဲ့ရာ တစ်တင်းကျပ် ၄၀၀၀၀ ကျပ်ဖြင့် ပေါ်ချိန် မှပဲတီစိမ်းတုန်း သည်အထိ အဆိုပါဈေးဖြင့် ရောင်းချနေရကြောင်း ကုလားတဲကျေးရွာ ပဲတီစိမ်းစိုက်တောင်သူ ဦးမျိုးခိုင်ထံမှ သိရသည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Jan 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ‌များရေးသားထားသော "စိမ်းလန်းသော တောင်တန်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရေတာရှည်မြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jan 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အမှတ်(၁) ရပ်ကွက် အ.လ.ကကျောင်း သို့ Mobile Library ဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းငေါ့မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ (အကြို)ဟောပြောပွဲကျင်းပ
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်ခန့် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။
ညောင်ရွှေမြို့၌ (MCCT)အစီအစဉ်တွင် အကျိုးခံစားသူ ကိုယ်ဝန်ဆောင်မိခင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 17,2022
လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် ရှမ်းပြည်နယ် (MCCT)အစီအစဉ်တွင် အကျိုးခံစားသူ (ကိုယ်ဝန်ဆောင်မိခင်)စာရင်း ကောက်ယူနိုင်ရေးအတွက် ညောင်ရွှေ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပို့ချခြင်းကို ဇန်နဝါရီ(၁၇)ရက် နံနက်(၁၀)နာရီက ညောင်ရွှေ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် စီမံကိန်းကျေးရွာ (၄) ရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့်‌ ကျောက်ချော မြေနီခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Jan 17,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးလက်လမ်းများ အဆင့်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကျေးရွာ(၄)၌ ဆောင်ရွက် သော ကျေးရွာတွင်း မြေသားလမ်းများ ပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီလမ်းခင်းခြင်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။