သတင်းများ

ဖြူးမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ စတင်လှုပ်ရှား
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း တစ်မျိုးသားလုံးကျန်းမာစေဖို့ ကျောင်းကျန်းမာရေး ဆောင်ရွက်ကြစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပြီးပျော်ရွှင်စွာ စာသင်ကြား နိုင်စေရေးအတွက်ရည်ရွယ်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကာ သံချဆေး တိုက်ကျွေးခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ကျောင်းများတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး
Aug 10,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး ဆိုးကျိုးများအန္တရာယ်နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်(၁၀)ရက်၊ နံနက် (၁၀)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းပေးအပ်
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သည့် ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ အင်းနက်ကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာရှိ အိမ်ထောင်စု(၄၉)စု အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်
Aug 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအားထောက်ပံ့ငွေပေးအပ်ပွဲကို
တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တင်ကျန်ရစ်သော ရွံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်းဆောင်ရွက်
Aug 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းနေရာအနှံ့အပြား ရပ်ကွက်နေအိမ်အများအပြားနှင့် စာသင်ကျောင်းတို့တွင် ရွံ့နွံများတင်ကျန်ရစ်ခဲ့ရာ စည်ပင်သာယာရေးဌာနနှင့် ပြည်သူများ ပူးပေါင်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဈေးကွက်အတွင်း တရားမဝင် စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 10,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင် စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ဩဂုတ် ၁၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Aug 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်း လွန်ကျောင်းတွင် ပန်းခင်းစီမံချက်-၂ ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို
ကျောက်ဖြူမြို့၌ ကျောက်ဖြူမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်
Aug 10,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်ဖြူမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။