အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဗီဒီယိုသတင်းတည်းဖြတ်နည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်  ဩဂုတ်   ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဗီဒီယိုသတင်းတည်းဖြတ်နည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်း ဖွင့်လှစ်ခဲ့သည်။        

ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ဓာတ်ပုံကျွမ်းကျင်-(အင်အားပြ) ဦးဇွဲထက်ကိုနှင့် ထန်းတပင်မြို့နယ်၊ ဓာတ်ပုံကျွမ်းကျင်-(အင်အားပြ) ဦးဇင်မင်းထိုက်တို့က ဗီဒီယိုသတင်းရိုက်ကူးနည်း၊ တည်းဖြတ်နည်း၊ အသံသွင်းနည်း၊ အင်တာဗျူးနည်း၊ သတင်းရေးသားနည်း၊ ဗီဒီယိုသတင်းရိုက်ကူးရာတွင် ဆောင်ရန်၊ရှောင်ရန်များနှင့် PowerDirector KineMaster အသုံးပြုနည်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဩဂုတ်လ (၁၀)ရက်နေ့မှ ဩဂုတ်လ(၁၂) ရက်နေ့နံနက် ()နာရီအချိန်မှ မွန်းလွဲ()နာရီအချိန်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)