ဖား​ဆောင်းမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်ရှိ စျေးဆိုင်များတွင် အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း သြဂုတ် ၁၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် မြို့​ပေါ်ရပ်ကွက်များတွင် စားသောက်ကုန်များ​ ရောင်းသည့်​စျေးဆိုင်များ၌ အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ/မရှိကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံစစ်​​ဆေးခဲ့​ကြောင်း သိရသည်။

ထိုသို့စစ်​ဆေးရခြင်းမှာ အိုင်အိုဒင်းချို့တဲ့မှုမှကာကွယ်ရန်၊ မိသားစုတိုင်းအိုင်အိုဒင်းဆား စားသုံးကြ​စေရန်၊ ကိုယ်ဝန်​ဆောင်မိခင်အာဟာရချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ က​လေး အသေ​မွေးဖွားခြင်း၊ လမ​စေ့၊​ ပေါင်မပြည့်က​လေး​မွေးဖွားတတ်ခြင်း၊ ဆွံအနားမကြား၊​ခြေလက်မသန်စွမ်း၊ ဉာဏ်ရည်နှိမ့်​သော ကလေး​မွေးဖွားတတ်ခြင်းတို့မှ ကြိုတင်ကာကွယ်နိုင်​စေရန်၊ က​လေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ခန္ဓာကိုယ်ကြီးထွားမှု​နှေး​ကွေး၍ ဉာဏ်ရည်နှိမ့်ခြင်း၊ ထုံထိုင်း​နှေး​ကွေးခြင်း၊ လည်ပင်းကြီး​ရောဂါများ ဖြစ်ပွားတတ်ခြင်းတို့​မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာ​ရေးဝန်ထမ်းများက ​စျေးဆိုင်များတွင် ​ရောင်းနေသည့် အိုင်အိုဒင်းဆားများ အရည်အ​သွေးပြည့်မှီမှုရှိ​​စေရန်နှင့် ကြာရှည်ထားရှိ​သောဆားများအား​ ရောင်းချမှုမရှိ​စေရန် လိုက်လံစစ်​ဆေးရခြင်းဖြစ်​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)