ရပ်စောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့
Aug 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဇော်ဂျီချောင်းရေလျှံတက်လာမှုကြောင့်ဘေးလွှတ်ရာသို့ ပြောင်းရွေ့နေထိုင်သည့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်မှ ပြည်သူများအားထောက်ပံ့ငွေနှင့် စားသောက်ကုန်များပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။