သတင်းများ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Aug 14,2022
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ (၄)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့၊အ-မ-က ( က) ရပ်ကွက်ကျောင်း၌ ကျင်းပြုလုပ်ကြောင်း သိရသည်။
မိုင်းယောင်း၌ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Aug 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီ သည် နမ့်ခပ်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြောင်မြို့တွင် ပထမအကြိမ် ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေး
Aug 14,2022
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးများ တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့က မြောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ထောက်ရစ်ကျေးရွာအုပ်စုနှင့် စကတဲကျေးရွာအုပ်စု သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ် နိုင်ပြီဖြစ်၍ ယနေ့ နံနက် ၉ နာရီက ထောက်ရစ်အုပ်စု ကျီးကန်ကျေးရွာတွင် ကျေးရွာမီးလင်းရေးဖွင့်ပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲ များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
(၂၃)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လားရှိုးမြို့တွင်ကျင်းပ
Aug 14,2022
(၂၃)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာတွင် ချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေးနှင့် မျိုးစေ့ထုတ် နည်းပညာပေးဆောင်ရွက်
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ အထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ်နည်းပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က တောင်ထောင့် ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ဆောင်ရွက်ခဲ့ကြသည်။
မတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ် ပြပွဲပြိုင်ပွဲကျင်းပ
Aug 14,2022
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်ပြပွဲပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။