နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာတွင် ချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေးနှင့် မျိုးစေ့ထုတ် နည်းပညာပေးဆောင်ရွက်

နတ်မောက် ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ အထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ်နည်းပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က တောင်ထောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက တောင်ထောင်ကျေးရွာ  ဝါစိုက်ပျိုး တောင်သူများ ဝါအထူးဇုံ(၁)ဧက အထွက်နှုန်းတိုးတက်စေရေး၊ ရွှေတောင်(၁၀) ဝါပိဿာ (၁၀၀၀)ထွက်နိုင်တဲ့ အရည်အသွေးရှိစေရန်နှင့် ဝါပင်များပိုးမွှားအန္တရာယ် မကျရောက်စေရန် ပိုးသတ်ဆေးကို စနစ်တကျ ပက်ဖျန်းစေရန် ရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူးဦးမြင့်ဦးလွင်က ဝါပင်ပေါက်များ သားခွဲပေးစေ ရန်နှင့် မြေဩဇာကျွေးလျှင် ဝါအပင်အခြေကိုသာ မြေဩဇာထည့်ပေးစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဝါစိုက်ပျိုးသူ တောင်သူများကလည်း သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ပြန်လည်ဖြေကြား၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရ သည်။

လှဝင်း