သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့ နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့တက်ရောက်
Aug 14,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာ ချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။
သနပ်ပင်မြို့နယ် မကြက်စု(အ.လ.က.)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Aug 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကြက်စု အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
Aug 14,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် လွှဲပြောင်းမတည်ပေးအပ်ခဲ့သည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။
ညောင်တုန်းမြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကြိမ်ပင်ဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အမှတ်(၈၁)ယဉ်ထိန်းတပ်ဖွဲ့စု၊(မြောင်းမြ)က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အ.ထ.က(၁)ပညာရတနာခန်းမတွင် ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၊ ထောက်ရှာရိုးကျေးရွာတွင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးပညာပေး သင်တန်းဖွင့်လှစ်
Aug 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၊ ထောက်ရှာရိုးကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ဖြူးမြိူ့နယ်၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးစေရေး အသိပညာပေးဟောပြော
Aug 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပြင်ပဗဟုသုတများတိုးစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တပ်တွင်းအလက(ခွဲ) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကျင်းပ
Aug 14,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျန်းမာရေးဦးစီဌာနအနေဖြင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။