မင်းတုန်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်

မင်းတုန်း ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ထောက်ရစ်ကျေးရွာအုပ်စုနှင့် စကတဲ ကျေးရွာအုပ်စု သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်နိုင်ပြီဖြစ်၍ ယနေ့ နံနက် ၉ နာရီက ထောက်ရစ်အုပ်စု ကျီးကန်ကျေးရွာတွင် ကျေးရွာမီးလင်းရေးဖွင့်ပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ဌာနဆိုင်ရာအကြီးအကဲ များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထိုသို့ ကျေးရွာမီးလင်းရေး ဖွင့်ပွဲပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာ စကား ပြောကြားပြီး မင်းတုန်းမြို့ လျှပ်စစ်ဓာတ်အားခွဲရုံမှူး ဦးသက်ဇော်ထွန်းက လျှပ်စစ်အန္တရာယ်ကင်းရှင်း ရေး အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါ ကျေးရွာမီးလင်းရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် စကတဲအုပ်စုနှင့် ထောက်ရစ်အုပ်စုအား NEP Phase-2 ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထောက်ရစ်၊ ကျီးကန်၊ စကတဲ(ရ)နှင့် စကတဲ(န) ကျေးရွားရှိ စုစုပေါင်း အိမ်ခြေ(၃၁၂)အိမ်သို့ မီးလင်းရေးအတွက် လျှပ်စစ် ဓာတ်အား ပို့လွှတ်နိုင်ပြီဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)