သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ပြည်နယ်၀န်ကြီးချုပ်တက်ရောက်
Aug 14,2022
မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ ကြံ့ခိုင်စေရေး၊  အရည်အချင်း ပြည့်သော အားကစား သမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံး အားကစား ဝါသနာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ သည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုပွဲကျင်းပ
Aug 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ် နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အဆိုရှင်များ ရွေးချယ်ဆုချီးမြှင့်ပွဲသို့ တက်ရောက်
Aug 14,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်အတွင်းရှိ ဝါသနာရှင်များအတွက် သီချင်းဆိုပြိုင်ပွဲနှင့် လူရွေးချယ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Aug 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၆)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုးရောင်းချရသူများ လုပ်ငန်းအဆင်ပြေ
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ် နေရေးအတွက် တစ်ဖက်တစ်လမ်းမှ သီးနှံအပိုဝင်ငွေရရှိစေရန် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး တစ်ပိုင်တစ်နိုင် ဂန္ဓမာပန်း (ဘုရားပန်း)စိုက်ပျိုးရေး လုပ်ငန်းကို အားထား လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း မှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူများထံက သိရ သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Aug 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ လူငယ်ရေးရာနှင့်ပတ်သက်၍ သိရှိလိုက်နာကျင့်သုံးနိုင် စေရန်နှင့် အသိပညာဗဟုသုရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းငါးသောင်း စိုက်ထည့်
Aug 14,2022
ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန် ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာရှိ သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းငါးသောင်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ရေဗြစ်ကျေးရွာတွင် လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)လုပ်ငန်းများဆောင်ရွက်
Aug 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာလိုအပ်ချက်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃-ခုနှစ်ဘဏ္ဍာနှစ်၌ ရေဗြစ်ကျေးရွာတွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။