သတင်းများ

ကဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နေ့လည်(၁:၀၀)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကွမ်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ရာ အဌမတန်းနှင့် နဝမတန်း ကျောင်းသားကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ စာအုပ်များ ပေးအပ်လှူဒါန်း
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အောက်ရှိ မြို့နယ် (၁၂)မြို့နယ်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် သုတ၊ ရသ​ ပေါင်းစုံ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၌ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက်များ အသိပေးနှိုးဆော်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ မုန်တိုင်းသတိပေးချက်နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည (၈)နာရီခွဲခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
ကလောမြို့နယ်၌ နွေရာသီ အခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ်မည်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကိုတက် ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက်  နွေရာသီအခြေခံအားကစား သင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးရန်အတွက် သိုလှောင်ရုံအဆောက်အဦးတည်ဆောက်
Mar 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးနိုင်ရန်အတွက် မတ်လမှ စတင်ကာ ညောင်ကုန်းရပ်ကွက်၌ သိုလှောင်ရုံအဆောက်အဦး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေချစ်မြတ်နိုးသူများ) အဖွဲ့ဝင်များနှင့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Mar 21,2022
မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေ ချစ်မြတ်နိုးသူများ)အဖွဲ့ဝင်များနှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။