ကဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show

ကဝ မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ(၁:၀၀)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဒေါ်သန်းသန်းဝင်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးမှူး ဒေါ်သင်းယုမောင်က ဦးစီးဌာန၏ ရည်ရွယ်ချက်(၂)ရပ်ဖြစ်သည့် (၁) သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခကြုံတွေ့ နေရသော ဒုက္ခသည်များအား လတ်တလောသက်သာ ချောင်ချိမှုရရှိစေရေး အတွက် အထောက် အပံ့ပေးရန်၊ (၂) သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်တို့နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ပေးခြင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန်များ သိရှိနိုင်ရန်အတွက် အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုကာလဖြစ်သည့်အတွက် လေပြင်းများ၊ မုန်တိုင်းများ တိုက်ခတ် နိုင်သဖြင့် မိုးလေဝသသတင်းများအမြဲနားထောင်ရန်၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်၊ အရေးပေါ်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ Hot Line နံပါတ် ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။

မြို့နယ် (ပြန်/ဆက်)