မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်အောင် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက သဘာဝ​ဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မထိခိုက်မပျက်စီးရေး၊ ကြုံတွေ့လာပါက ပျက်စီးမှုအနည်းဆုံး ဖြစ်ရေးတို့အတွက် အချိန်မီကာကွယ် ကယ်ဆယ်ထောက်ပံ့ကူညီနိုင်ရေး၊ ထိခိုက်လွယ်သည့် ကျေးရွာ အုပ်စုများအား အလေးထားကြိုတင်ပြင် ဆင်ထားရှိရေး၊ မုန်တိုင်းသတင်းကို ကျေးလက်နေ ပြည်သူများ သိရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး မြို့ နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် ဌာနဆိုင်ရာများက လုပ်ငန်းတစ်ခု ချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။     

ဝင်းဗိုလ် မြန်အောင်