လှိုင်သာယာအနောက်ပိုင်း မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ မုန်တိုင်းသတိပေးချက်နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည (၈)နာရီခွဲခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
အသိပေးချက်များတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ် သတိပေးချက်တွင်ပါဝင်သော မုန်တိုင်းငယ်အခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့်လေတိုက်နှုန်း၊ နောက် (၃၆) နာရီအတွင်းခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက်များကို အသိပေးနှိုးဆော်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် မိဘပြည်သူများကို အသိပေးကြေညာရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)