သတင်းများ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော်စီမံကိန်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) Puppet Festival Of Lancang-Mekong ရုပ်သေးပွဲတော် စီမံကိန်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ် ပင်မအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ
Mar 21,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်း ကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေး
Mar 21,2022
အလုပ်သမားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် Gold Petrol Joc.Incကုမ္ပဏီမှ အာမခံအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအစဉ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 21,2022
ရန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ကျင်းပခဲ့သည်။
မင်းပြားမြို့၌ ဂန္တဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော်အား ကြိုဆိုပူဇော်ပွဲကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဂန္တဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိလာသအား ကြိုဆိုပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ထားဝယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို  ယနေ့ မွန်းလွဲ(၁)နာရီက ထားဝယ်မြို့ ၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
ရပ်စောက်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း တာဝန်ရှိသူများက လိုက်လံ ပေးအပ်ခဲ့ကြသည်။