မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေချစ်မြတ်နိုးသူများ) အဖွဲ့ဝင်များနှင့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

မင်္ဂလာဒုံ မတ် ၂၁

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေ ချစ်မြတ်နိုးသူများ)အဖွဲ့ဝင်များနှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာ မြင့်မြင့်ကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ်သတင်းစကား လက်ကမ်းစာစောင်တွင်ပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၁ ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်များ၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ် အောင်ဆန်း (၁၉၄၇) ခုနှစ်၊ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များအားပြောကြားခဲ့ပြီး တက်ရောက်လာကြသော Book Club အသင်းဝင်တစ်ဦးမှ တပ်မတော်၏ အစဥ်အလာကောင်း (၁၂)ရပ်အား ဖတ်ကြားခဲ့ပြီး အခြားတက်ရောက်လာသူများကလည်း(၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ပါဝင်သော အကြောင်းအရာများကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန္တာ