မိုးညှင်း မတ် ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးနိုင်ရန်အတွက် မတ်လမှ စတင်ကာ ညောင်ကုန်းရပ်ကွက်၌ သိုလှောင်ရုံအဆောက်အဦး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တည်ဆောက်ရာတွင် နန်းမားဒေသအတွင်းရှိ ရပ်နီးရပ်ဝေးဒေသများမှ အောက်ဆီဂျင်လေ လိုအပ်လျက်ရှိသော လူနာရှင် ဝေဒနာရှင်များအနေဖြင့် အောက်ဆီဂျင်လေများ ပြတ်လတ်မှုမရှိစေ ရေးအတွက် ပေ(၂၀)ပတ်လည် သွပ်မိုး၊ နံကပ်၊ မြေစိုက်အုတ်တစ်ထပ် အဆောက်အဦး တည်ဆောက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ အဆောက်အဦး တည်ဆောက်ပြီးစီးသွားပါက မိုးညှင်းမြို့ရှိ ကံသာဦးအောက်ဆီဂျင် စက်ရုံမှ တစ်ဆင့် အောက်ဆီဂျင်အိုးများ သယ်ယူ၍ ၎င်းအဆောက်အဦးတွင် သိုလှောင်ထားရှိမည်ဖြစ် ကြောင်း၊ နန်းမားဒေသအတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အောက်ဆီဂျင်လေများ ပြတ်လတ်မှုမရှိစေ ရေးအတွက် အောက်ဆီဂျင်လေ လိုအပ်နေသော လူနာရှင်များအား နေ့ညအချိန်အခါမရွေး အောက်ဆီဂျင်အိုးများကို အခမဲ့လာရောက် လဲယူထုတ်ယူနိုင်မည်ဖြစ်ကြောင်း အဆောက်အဦးဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးဆန်းဦးထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)